International News

JETRO က ဂျပန်နိုင်ငံထုတ် လက်မှုပစ္စည်းများကို အင်တာနက်မှတဆင့် ချိတ်ဆက် ရောင်းချနိုင်ရန် ပံ့ပိုးကူညီမည်ဖြစ်ကြောင်းသိရ

Last Updated:

ဂျပန်နိုင်ငံမှ JETRO အဖွဲ့အစည်းသည် ပြည်တွင်းရှိကုမ္ပဏီများကို made-in-Japan ကုန်ပစ္စည်းများဖြစ်ကြသည့် စာရေးကိရိယာ များ၊ ပရိဘောဂများ၊ လက်မှုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို အင်တာနက်မှတစ်ဆင့်ကြော်ငြာ၍ နိုင်ငံတကာမှ ဝယ်လက်များနှင့် စီးပွားရေးအပိုင်းချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

JETRO အဖွဲ့အစည်းသည် ပြည်တွင်းထုတ်လုပ်သူ ၁၂၁ ဦးထံမှ ကုန်ပစ္စည်း ၅၁၉ ခုကို Takumi (“လက်မှုပညာဖန်တီးသူဟု ဂျပန်ဘာသာဖြင့် အမည်ရသည့်) အစီအစဉ်ကို အကောင်အထည်ဖော်ရန် စုစည်းထားကြောင်းသိရပါသည်။

JETRO အနေဖြင့် ပြည်တွင်းလက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် ပြည်ပမှဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန်၊ ပြည်ပစျေးကွက် များသို့ ထိုးဖောက်နိုင်ရေး စျေးကွက်ကျွမ်းကျင်သူများထံမှ အကြံဉာဏ်များရယူနိုင်ရန်အလို့ငှာ online system တစ်ခုကို တည် ထောင်ပေးထားပြီး Instagram ကဲ့သို့ လူမှုကွန်ယက်တွင်လည်း အဆိုပါကုန်ပစ္စည်းများ အရောင်းမြှင့်တင်ရေး ဗွီဒီယိုအစီအစဉ် များထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အင်တာနက်မှတစ်ဆင့် အရောင်းမြှင့်တင်မည့် ကုန်ပစ္စည်းများမှာ ချည်ထည်များ၊ သစ်သားနှင့် ပြုလုပ်သည့်လက်မှုထည် များ၊ ဖန်ထည်များ၊ သားရေဖြင့်ပြုလုပ်သည့်ပစ္စည်းများ၊ သံဖြင့်ပြုလုပ်သည့်ပစ္စည်းများ၊ ရွှံ့စေးဖြင့်ပြုလုပ်သည့်ပစ္စည်းများနှင့် ဂျပန် ရိုးရာ washi paper ဖြင့် ပြုလုပ်သည့် ပစ္စည်းများ ပါဝင်ပါသည်။ JETRO အနေဖြင့် အင်တာနက်မှ ညှိနှိုင်းရောင်းချခြင်းများကို ယခုသြဂုတ်လအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး e-commerce အသုံးပြုပြီး ဝယ်ယူသူများဖြစ်ကြသည့် ပြင်သစ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဟောင်ကောင်နှင့် တရုတ် (ထိုင်ပေ) စသည်တို့နှင့် ချိတ်ဆက်ထားကြောင်း သိရပါ သည်။ အဆိုပါ ဂျပန်ပြည်တွင်း ထွက်ကုန်များကို ရောင်းသူနှင့်ဝယ်သူအကြား ချိတ်ဆက်ပြီးပါက ဝယ်ယူသူများ၏ e-commerce အင်တာနက်စာမျက်နှာများနှင့် pop-up stores တို့မှ ရောင်းချသွားမည်ဟု JETRO က ဆိုပါသည်။

ယခုဘဏ္ဍာနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှင့် ကြုံကြိုက်နေရချိန်အတွင်း အင်တာနက်မှ အရောင်းအဝယ်ပြုလုပ်သည့် platform တစ်ခုကို တည်ထောင်ပေးခြင်းဖြင့် ပြည်တွင်းထုတ်လုပ် သူများအတွက် အကျိုးရှိစေမည့် ရလဒ်ကောင်းတစ်ခုအဖြစ် ဖန်တီးအကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်းဟု ဒစ်ဂျစ်တယ်နည်းပညာမြှင့်တင်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူးဖြစ်ပြီး ယခု အစီအစဉ်ကို ဦးဆောင်မည့် Ms. Emi Teshima က ပြောကြားခဲ့ပါသည်။

၎င်းတို့အနေဖြင့် ပြည်တွင်းရှိ လက်မှုပညာလုပ်ငန်းဆောင်ရွက်သူများအား နိုင်ငံတကာစျေးကွက်သို့ထိုးဖောက်နိုင်ရေး စီမံခန့်ခွဲ ရေး၊ ရောင်းချရေးနှင့် ဆက်ဆံရေးအပိုင်းတို့တွင် ပံ့ပိုးကူညီပေးသွားမည်ဟု Ms. Emi က ဆိုပါသည်။

Takumi project သည် ယခင်နှစ်က ဂျပန်ရိုးရာနည်းပညာများ အသုံးပြုထားသည့် ရိုးရာထွက်ကုန်ပစ္စည်းမျိုးစုံဖြင့် အစပြုခဲ့ပြီး ကုမ္ပဏီ ၁၀၁ ခုထံမှ ကုန်ပစ္စည်းအမျိုးပေါင်း ၂၆၀ ကိုစုစည်းကာ ရောင်းသူနှင့်ဝယ်သူအကြား မျက်နှာချင်းဆိုင် ညှိနှိုင်းဆောင်ရွက် ကြသည့် ပုံစံမျိုးဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် အဆုံးသတ်သည့် ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကိုရိုနာ ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ရောင်းသူနှင့် ဝယ်သူအကြား ချိတ်ဆက်ထားသည့် အရောင်းအဝယ် ၁၃၃ ခုသည်  အကျပ်အတည်းကြုံခဲ့ရပါသည်။

ယခုနှစ်တွင် ဂျပန်နိုင်ငံရှိ လက်မှုပစ္စည်းထုတ်လုပ်သူ ၁၈၀ ဦးခန့်သည် အဆိုပါ  project တွင် ဝင်ရောက်လျှောက်ထားကြပြီး စီရင်စုဒေသ ၃၆ ခုမှ ကုမ္ပဏီ ၁၂၁ ခုသည် "Japan luxury" ဟူသည့် စံသတ်မှတ်ချက်နှင့်ကိုက်ညီကြောင်း ရွေးချယ်ခံခဲ့ရကြောင်း JETRO က ပြောကြားခဲ့ပါသည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရွေးချယ်ထားသည့်ကုန်ပစ္စည်း ၅၁၉ မျိုးအနက်  Surprise Creative Ltd. မှထုတ်လုပ်သော ဖူဂျီတောင်ရုပ်ပုံနှင့် ဒီဇိုင်းဖော်ထားသည့် "happi" အမည်ရ ဂျပန်ရိုးရာအင်္ကျီလည်း ပါဝင် ကြောင်းသိရပါသည်။  အဆိုပါရိုးရာအင်္ကျီများကို ဂျပန်ရိုးရာ ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ကြခြင်းဖြစ်ပါသည်။

JETRO သည် ပြည်တွင်းလက်မှုပညာရှင်များ စုစည်း၍ ၎င်းတို့အကြား ကုန်ပစ္စည်းအသစ်များ တိုးတက်ဆောင်ရွက်နိုင်ရန်နှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန်  social media platform တစ်ခု ကိုလည်း တည်ထောင်ပေးရန် ပြင်ဆင်နေကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News